Wednesday, 9 March 2011

ကိုမြအေး …. (သို့ မဟုတ်) …..



ဒီလမ်းကို လျှောက်မှတော့

ဒီစခန်းကို ရောက်ရမှာပေါ့….

သိလျက်နဲ့ ပဲ ဆက်လျှောက်ခဲ့တယ် …

အလိုတူခြင်း အလိုမတူခြင်းတို့ 

ဘုရားသခင်နဲ့  ပတ်သက်ကောင်း ပတ်သက်လိမ့်မယ် ….

အာဏာရှင်တို့ ရဲ့  လူမဆန်တဲ့  လူ့ သက်တမ်းတခုစာ

မတရား ချုပ်နှောင် ပြစ်ဒဏ်ချခြင်းအပေါ်မှာ ဘုရားသခင်ဟာ

ဝင်ရောက်စွက်ဖက်ခွင့် မရရှိနိုင်ဘူး…..။



သူသိတာပေါ့ …

မိဘ ညီအကိုမောင်နှမ ဆွေမျိုးသားချင်း

သူကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ မိသားစုဘဝ

ဒါတွေကို လက်လွှတ်ဆုံးရှုံးရမယ်ဆိုတာ

သူ့ ထက် သိသူတောင်မှ သူ့ လောက်မသိနိုင်ခဲ့ဘူး …

သမိုင်းပေးတာဝန်ကို ဘ၀နဲ့ ရင်းပြီးပေးဆပ်ခဲ့သူ

တောက်ပတဲ့ကြယ်ပွင့်တိုင်းမှာ လေးစားစံထားရတဲ့ သမိုင်းရှိတယ်..။



လေးဆယ့်ငါးနှစ် မြောက်မွေးနေ့ မှာ

ခြောက်ဆယ့်ငါးနှစ် အကျဉ်းချခံနေရတဲ့ဘ၀ထဲက

အလွမ်းအဆွေးတွေကို အရည်ဖျော်ဆေးမှင်ရည်လုပ်

စုတ်ချက်ကြမ်းကြမ်း ရေးဆွဲလိုက်စမ်း အသွင်ဆန်းအမြင်ဆန်း

ကိုယ်ကိုယ်တိုင် လျှောက်လှမ်းခဲ့တဲ့လမ်းမှာ နောင်တဆိုတာမရှိ

ဒီမိုး ဒီရေ ဒီလေ ဒီမြေ လွတ်မြောက်ရေးပန်းတွေ ဝေနေတာသာ

မြင်တွေ့ ချင်တဲ့ဆန္ဒ ဒီဘ၀မှာ …………။



ရဲရင့်သက်ဇွဲ ၀၉၀၃ ၂၀၁၁ နံနက် ၁း၂၀