နမ်းခမ်းမြို့ အနောက်ဘက်ဒေသများနှင့် ပလောင်တိုင်းရင်းသားများ အဓိကနေထိုင်ရာ မန်တုံမြို့နယ်အတွင်းရှိ တောင်စောင်း၊ လျှိုမြောင်များ အတွင်း ဘိန်းခင်းများ ပြုလုပ်ထားကြပြီး နယ်မြေခံ ပြည်သူ့စစ်များနှင့် ရွှေလီရေအားလျှပ်စစ်စက်ရုံ လုံခြုံရေးတာဝန်ကျ စစ်တပ်ကို ဘိန်းခင်း ပိုင်ရှင်များက ဆက်ကြေးပေးနေရသည်ဟု နမ်းခမ်းဒေသခံတဦးက ပြောသည်။
ဘိန်းခင်းများအားလုံးနီးပါးမှာ အပွင့်များပွင့်နေပြီး ပြီးခဲ့သည့်စက်တင်ဘာလ၌ စိုက်သည့်အပင်များမှာ ရှေ့လခန့်တွင် အစေးခြစ်၍ ရပြီဖြစ်ကြောင်း အဆိုပါ နမ်းခမ်းဒေသခံက ပြောသည်။