Wednesday, 23 November 2011

ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲ

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အမှတ် ၁ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီရုံးတွင် တနင်္ဂနွေနေ့ နံနက် ၈ နာရီ မိနစ် ၅၀ ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြန်အောင် မြို့နယ် ရဲစခန်းထံမှ သိရသည်။

ပေါက်ကွဲသော ဗုံးသည် လက်လုပ်ဗုံး အမျိုးအစားဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားစဉ် အဆိုပါရုံးတွင် လူ လေးဦး ရှိနေသော်လည်း ထိခိုက်ဒဏ်ရာ မရရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။