Friday, 12 November 2010

ၾသစေၾတးလ် သတင်းထောက် စစ်အစိုးရ မောင်းထုတ်

သစတြေးလျနိုင်ငံက ABC သတင်းဌာနရဲ့ မှတ်တမ်းတင် ရုပ်သံမှတ်တမ်း ရိုက်ကူးရေး အဖွဲ့တဖွဲ့ဟာ မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးခံခဲ့ရပြီး နှင်ထုတ်ခံလိုက်ရတယ်လို့ သြစတြေးလျနိုင်ငံက လာတဲ့ သတင်းတွေက ဖော်ပြပါတယ်။

မှတ်တမ်းတင် ရုပ်သံ ရိုက်ကူးသူ ဟျုခ်ျ ပိုက်ပါနဲ့ နောက်တယောက်တို့ဟာ မြန်မာနိုင်ငံမှာ နေထိုင်ခွင့် ဗီဇာသက်တမ်း ရှိပေမဲ့ ဒီတပတ်ထဲမှာပဲ အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပြီး နေရပ်ပြန်ပို့တာ ခံခဲ့ရတဲ့အကြောင်း သူ့ရဲ့ ABC သတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။