ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ရှေ့တွင် လူအများစောင့်ဆိုင်းနေကြကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် ညနေပိုင်းတွင် သတင်းစာရှင်းလင်းပွဲ လုပ်ဖွယ် ရှိကြောင်းလည်း သိရသည်။
NLD အဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် “We Stand With Aung San Suu Kyi” ဆိုသည့် စာတန်းပါတီရှပ်များကို ၀တ်ဆင်၍ ရုံးချုပ်ရှေ့တွင် ကြိုဆိုရန် စောင့်စားနေကြောင်း သိရှိရသည်။
ဦးဝင်းတင် ဦးတင်ဦး တို့ ကိုယ်တိုင်က ရုံချိန်ကျော်သွားပြီဖြစ်လို့ လွတ်မြောက်လာမယ့် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ဆိုင်း နေတဲ့ လူထုကြီးကို မေတ္တာရပ်ခံပါတယ်။ လွှတ်ချိန်မှာ ည ၈ နာရီ ကျော်သွားရင်လည်း ကျော်သွားနိုင် တယ်။ ဒါကြောင့် မနက်ဖြန်မှ ပြန်လာကြရန် ပြောဆိုပါသွားပါတယ်။
မလွတ်မြောက်သေးရင် အဖွဲ့ချုပ်တာဝန်ရှိသူတွေက သတင်းစာရှင်လင်းပွဲ လုပ်မယ်လို့ ပြောဆိုသွားပါတယ်။ လွှတ်မိန့်ကို နေပြည်တော်မှ လက်မှတ်ထိုးပြီးပြီဟု သိရှိရသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။