Tuesday, 4 January 2011

လက်ဗစ်ဗုံး၂လုံးဖြင့်ဆန္ဒပြမှုဖြစ်ပွား

ယနေ့မနက်၇နာရီခွဲအချိန်ခန့်တွင် ထိုင်းနိုင်ငံမဲဆောက်မြို့ ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံးရှေ့တွင် ဒီကေဘီအေနယ်ခြားစောင့်အသွင်ပြောင်း တပ်မှ ရဲဘော်တဦး လက်ဗစ်ဗုံး၂လုံးဖြင့်ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း FNGမှသတင်းရရှိသည်။အဆိုပါရဲဘော်သည် ဆိုင်ကယ်တက္ကစီငှားပြီး UNHCR ရုံးရှေ့သို့ရောက်ရှိပြီး ပါလာသော လက်ထိပ်တစုံဖြင့် ထိုင်းလူမျိုးဆိုင်ကယ်တက္ကစီသမားနှင့်တွဲခတ်ပြီး စနစ်တန်ဖြုတ်ထားသော လက်ပစ်ဗုံး၂လုံးကိုင်ဆောင်ကာ သူရဲ့ဆန္ဒကိုထုတ်ဖေါ်ပြောဆိုခဲ့သည်။ “ ၂၀၁၀ရွေးကောက်ပွဲ ဟာအတုအယောင်ဖြစ်သောကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှအရေးယူဆောင်ရွက်နိုင်ရန် ယ္ခုကဲ့သို့ဆန္ဒပြရခြင်းဖြစ်ကြောင်း” သတင်းထောက်များကိုပြောကြားခဲ့သည်။ သူရဲ့တောင်းချက်များကို ရေးသားဖေါ်ပြခဲ့သည်။ဆန္ဒပြရာနေရာသို့ မဲဆောက် UNHCR တာဝန်ရှိသူများနှင့် မဲဆောက်မြို့ပိုင် ကစ်တိဆတ်သိုးမွန်းဆတ် ရောက်ရှိလာသောအချိန်တွင် ကိုင်ဆောင်ထားသော လစ်ပစ်ဗုံးတလုံးကို ထိုင်းအထူးရဲတပ်ဖွဲ့အားပေးအပ်ခဲ့သည်။ မဲဆောက်မြို့ပိုင်မှ ဆန္ဒပြကရင်ရဲဘော်အား မည်သည့်တောင်းဆိုများလုပ်ချင်ပါသလည်းဟုမေးမြန်းရာ မိမိအခုလိုဆန္ဒပြရသည်မှာ စစ်အစိုးရရွေးကောက်ပွဲသည်အတုအယောင်ဖြစ်သောကြောင့် ကုလသမဂ္ဂမှအရေးယူဆောင်ရွက်ရန်အတွက်ဆန္ဒပြရခြင်းဖြစ်ကြောင်း၊ မိမိကို နိုင်ငံတကာတရားသို့ပို့ဆောင်ပေးရန်တောင်းဆိုခဲ့သည်။ မဲဆောက်မြို့ပိုင်မှ ကုလသမဂ္ဂကသာဆောင်ရွက်နိုင်ကြောင်းနှင့် သွားလိုသည့်နေရာကို အရေးမယူဘဲလိုက်ပို့ပေးမည်ဟု ဂတိပေးညှိနိုင်းဖြေရှင်းခဲ့သည်။ ဆန္ဒပြကရင်ရဲဘော်ကို DKBA ရှိရာနေရာသို့သွားလိုသလားဟုလည်းမေးမြန်းခဲ့သည်။ အဆိုပါရဲဘော်မှ မည်သည့်နေရာမှသွားလိုဆန္ဒမရှိကြောင်းနှင့် မြန်မာနိုင်ငံသို့ ပြန်မပို့ရန်သာတောင်းဆိုခဲ့ပြီး ကျန်ရှိနေသေးသော လက်ပစ်ဗုံးအား ထိုင်းအထူးရဲတပ်ဖွဲ့သို့ပေးအပ်ပြီး အဖမ်းခံကြောင်း သတင်းရရှိသည်။ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲပြီးပြီးခြင်း အတုအယောင်၂၀၁၀ရွေးကောက်ပွဲကို လက်မခံသော တိုင်းရင်းသားလက်နက်ကို DKBA မှစတင်တော်လှန်ပြီး တိုက်ပွဲများနေ့စဉ်နီးပါးဖြစ်ပွားနေသည်။