၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီး အဖြစ် ထမ်းဆောင်ခဲ့သူ အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ ၁၁၃ နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို
မြန်မာလူငယ် မူဆလင်များ စုပေါင်းပြီး ရန်ကုန်မြို့တွင် ၂၀ ရက်နေ့က ကျင်းပခဲ့သည်။မွေးနေ့ဆုတောင်းပွဲတွင် ဆရာကြီးအတွက် ရည်စူး၍ ကျမ်းမြတ် ကုရ်အန် ကို ဖတ်ကြား ဆုတောင်းပြီးမိဘမဲ့ ကလေး ၁၂ ဦးအတွက် ခြုံစောင်များ လှူဒါန်းခဲ့ကြသည်။