မိတ္ထီလာမှာ နှစ် ၁၀၀ ၀န်းကျင် သက်တမ်းရှိတဲ့ အစ္စလမ်သင်္ချိုင်းမြေနေရာကို ၀ယ်တဲ့သူ ရှိနေလို့ ဒေသခံတချို့က အတိုက်အခံ လုပ်နေရတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီကြီးတခုက ဒီနေရာကို မြေညှိပြီး လုပ်ငန်းတခုခုလုပ်မယ်၊ မနေ့ ညက မြေတူးစက်တွေရောက်လာတယ်လို့ ဆိုတယ်။
ဒါကြောင့် ဒီမနက် ၆ နာရီလောက်မှာ အစ္စလမ် ဘာသာဝင်တွေ ရာဂဏန်းလောက် သွားပြီး တားဆီးကြတယ်၊ သိပ်မကြာခင် အာဏာပိုင်တို့ ရောက်လာတယ်၊ ညှိပေးမယ် ဘာညာ ပြောပြီး လူစုခွဲလိုက်တယ် လို့ ဒေသခံ တဦးက ပြောပါတယ်။