မိတ္ထီလာမှာ နှစ် ၁၀၀ ၀န်းကျင် သက်တမ်းရှိတဲ့ အစ္စလမ်သင်္ချိုင်းမြေနေရာကို ၀ယ်တဲ့သူ ရှိနေလို့ ဒေသခံတချို့က အတိုက်အခံ လုပ်နေရတယ်လို့ ဆိုပါတယ်။
ကုမ္ပဏီကြီးတခုက ဒီနေရာကို မြေညှိပြီး လုပ်ငန်းတခုခုလုပ်မယ်၊ မနေ့ ညက မြေတူးစက်တွေရောက်လာတယ်လို့ ဆိုတယ်။
ဒါကြောင့် ဒီမနက် ၆ နာရီလောက်မှာ အစ္စလမ် ဘာသာဝင်တွေ ရာဂဏန်းလောက် သွားပြီး တားဆီးကြတယ်၊ သိပ်မကြာခင် အာဏာပိုင်တို့ ရောက်လာတယ်၊ ညှိပေးမယ် ဘာညာ ပြောပြီး လူစုခွဲလိုက်တယ် လို့ ဒေသခံ တဦးက ပြောပါတယ်။
Monday, 25 July 2011
Wednesday, 22 June 2011
Sunday, 19 June 2011
အကျယ်ချုပ်လွတ်မြောက်ပြီးနောက် ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ကျင်းပ လူပရိတ်သတ်ထောင်ကျော်လာရောက်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၈နှစ်တာ အကျယ်ချုပ် ကျခံရပြီးနောက် ပထမဆုံး ကျင်းပသည့် ၆၆ နှစ်မြောက်မွေးနေ့ပွဲသို့ လူပရိတ်သတ် ထောင်ကျော်တက်ရောက်ခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်က သူ၏ မွေးနေ့ပွဲတွင် အလိုချင်ဆုံးဆုမှာ တိုင်းပြည်ငြိမ်းချမ်းရေး သာဖြစ်သည်ဟု ပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုရာတွင်
“ယခုအချိန်မှာ ငြိမ်းချမ်းရေးဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့မွေးနေ့မှာ ငြိမ်းချမ်းရေးကိစ္စကို အလေးထားပြောချင်ပါတယ်”
ဟုပြောဆိုပြီး တိုင်းပြည်တိုးတက်ဖို့ သာယာဖို့အတွက် ပထမဦးဆုံး လိုအပ်ချက်မှာ ငြိမ်းချမ်းရေးဖြစ်သည်ဟုလည်း ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးကို အဓိကထားပြောဆိုခြင်းသည် ကချင်လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရတပ်အကြား ယခုလက်ရှိ ဖြစ်ပွားနေသည့်တိုက်ပွဲများအား ရည်ညွှန်းလိုခြင်းဖြစ်မည်ဟု ပရိတ်သတ်များထဲမှ တစ်ဦးက ကောက်ချက်ချသည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး
“ငြိမ်းချမ်းဖို့ဆိုတာ ကျွန်မတယောက်ထဲ လုပ်လို့မဖြစ်သလို ကျွန်မတို့အဖွဲ့တဖွဲထဲလည်း လုပ်လို့မဖြစ်ပါဘူး” ဟုလည်းထောက်ပြ ပြောဆိုခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြီး
“ငြိမ်းချမ်းရေး သည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် ပထမဆုံး ခြေလှမ်းဖြစ်သည်”
ဟုလည်း ပြောဆိုခဲ့သလို သူမ၏ မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အဖြစ် သတ်မှတ်ထားသည်နှင့် ဆက်စပ်၍လည်း အမျိုးသမီးများမှာငြိမ်းချမ်းရေးကို အမျိုးသားများထက် ပိုပြီးလိုလားသူများ ဖြစ်သည့်အချက်၊ အဘယ်ကြောင့်ဆိုသော် အကြမ်းဖက်မှုနှင့် စစ်မက်ဖြစ်ပွားသည့်အခါ အမျိုးသမီးနှင့် ကလေးငယ်များက အမျိုးသားများထက် ပိုပြီး ဒဏ်ခံရသည့်အကြောင်းကြောင့်ဟုလည်း ထောက်ပြခဲ့သည်။
Monday, 11 April 2011
Refugees fearful of Thai warning
A Thai governor’s recent suggestion that thousands of refugees housed in camps along its northwestern border may have to return to Burma has sparked concern among the refugee community.
More than 145,000 men, women and children have lived in nine camps in Thailand for the past 30 years but that may soon end.
Fighting continues along the Karen state border as Burmese troops battle an ethnic alliance of the Democratic Karen Buddhist Army (DKBA) and the Karen National Union (KNU).
Saw Tun Tun, chairman of Mae La camp, the largest in Thailand with a population of nearly 46,000, said he had little optimism that things would change in Burma.
“I don’t think they [new Burmese government] will be able to solve armed conflicts in the border region. That’s why we harbour no hope of returning yet… The international organisations concerned must provide us with the minimum level [of assistance].”
Refugees have continued to move back and forth across the border since a fresh wave of fighting broke out in November last year. The border area remains heavily landmined, and civilians are often forced to porter for the Burmese army.
There have also been rumours that the Burmese army has threatened to confiscate property belonging to the refugees unless they return this month.

This prison where i live film show in london
11.04.2011
Croydon Clocktower
Katharine Street, Croydon, Surrey, CR9 1ET
- 020 8253 1030
QA 20:00
http://www.findanyfilm.com/This-Prison-Where-I-Live-film_options~26885
Croydon Clocktower
Katharine Street, Croydon, Surrey, CR9 1ET
- 020 8253 1030
QA 20:00
http://www.findanyfilm.com/This-Prison-Where-I-Live-film_options~26885
Friday, 11 March 2011
Wednesday, 9 March 2011
ကိုမြအေး …. (သို့ မဟုတ်) …..
ဒီလမ်းကို လျှောက်မှတော့
ဒီစခန်းကို ရောက်ရမှာပေါ့….
သိလျက်နဲ့ ပဲ ဆက်လျှောက်ခဲ့တယ် …
အလိုတူခြင်း အလိုမတူခြင်းတို့ 
ဘုရားသခင်နဲ့  ပတ်သက်ကောင်း ပတ်သက်လိမ့်မယ် ….
အာဏာရှင်တို့ ရဲ့  လူမဆန်တဲ့  လူ့ သက်တမ်းတခုစာ
မတရား ချုပ်နှောင် ပြစ်ဒဏ်ချခြင်းအပေါ်မှာ ဘုရားသခင်ဟာ
ဝင်ရောက်စွက်ဖက်ခွင့် မရရှိနိုင်ဘူး…..။
သူသိတာပေါ့ …
မိဘ ညီအကိုမောင်နှမ ဆွေမျိုးသားချင်း
သူကိုယ်တိုင်တည်ဆောက်ခဲ့တဲ့ မိသားစုဘဝ
ဒါတွေကို လက်လွှတ်ဆုံးရှုံးရမယ်ဆိုတာ
သူ့ ထက် သိသူတောင်မှ သူ့ လောက်မသိနိုင်ခဲ့ဘူး …
သမိုင်းပေးတာဝန်ကို ဘ၀နဲ့ ရင်းပြီးပေးဆပ်ခဲ့သူ
တောက်ပတဲ့ကြယ်ပွင့်တိုင်းမှာ လေးစားစံထားရတဲ့ သမိုင်းရှိတယ်..။
လေးဆယ့်ငါးနှစ် မြောက်မွေးနေ့ မှာ
ခြောက်ဆယ့်ငါးနှစ် အကျဉ်းချခံနေရတဲ့ဘ၀ထဲက
အလွမ်းအဆွေးတွေကို အရည်ဖျော်ဆေးမှင်ရည်လုပ်
စုတ်ချက်ကြမ်းကြမ်း ရေးဆွဲလိုက်စမ်း အသွင်ဆန်းအမြင်ဆန်း
ကိုယ်ကိုယ်တိုင် လျှောက်လှမ်းခဲ့တဲ့လမ်းမှာ နောင်တဆိုတာမရှိ
ဒီမိုး ဒီရေ ဒီလေ ဒီမြေ လွတ်မြောက်ရေးပန်းတွေ ဝေနေတာသာ
မြင်တွေ့ ချင်တဲ့ဆန္ဒ ဒီဘ၀မှာ …………။
ရဲရင့်သက်ဇွဲ ၀၉၀၃ ၂၀၁၁ နံနက် ၁း၂၀

Friday, 21 January 2011
အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ ၁၁၃ နှစ်မြောက် မွေးနေ့
၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန ၀န်ကြီး အဖြစ် ထမ်းဆောင်ခဲ့သူ အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ ၁၁၃ နှစ်မြောက် မွေးနေ့ဆုတောင်းပွဲကို
မြန်မာလူငယ် မူဆလင်များ စုပေါင်းပြီး ရန်ကုန်မြို့တွင် ၂၀ ရက်နေ့က ကျင်းပခဲ့သည်။မွေးနေ့ဆုတောင်းပွဲတွင် ဆရာကြီးအတွက် ရည်စူး၍ ကျမ်းမြတ် ကုရ်အန် ကို ဖတ်ကြား ဆုတောင်းပြီးမိဘမဲ့ ကလေး ၁၂ ဦးအတွက် ခြုံစောင်များ လှူဒါန်းခဲ့ကြသည်။

Thursday, 20 January 2011
Anti-Muslim prejudice 'is now deemed acceptable in polite society'

PREJUDICE against Muslims has "passed the dinner table test" and become socially acceptable, Baroness Warsi, the co-chairman of the Conservative Party, has claimed.
In a script for a talk due to be delivered last night, Lady Warsi - the first Muslim woman to attend Cabinet - said faith was discussed in a "patronising, superficial" way, making Britain a less tolerant place for believers.
She said she believed prejudice against Muslims was now seen by many people as normal and uncontroversial, and that expressions of disdain for Britain's nearly two million-strong Muslim minority were becoming acceptable in polite society.
"You could even say that Islamophobia has now passed the dinner table test," she wrote.
But she was expected to warn against portraying Muslims as either "moderate" or "extreme".
"It's not a big leap of imagination to predict where this talk of 'moderate' Muslims leads," she wrote. "In the factory, where they've just hired a Muslim worker, the boss says to employees: 'Not to worry, he's only fairly Muslim'. In the school, the kids say: 'The family next door are Muslim but they're not too bad'.
"And in the road, as a woman walks past wearing a burka, the passers-by think: 'That woman's either oppressed or is making a political statement'."
The speech also reveals that she raised the issue of Islamophobia with Pope Benedict XVI during his visit to Britain last year, urging him to "create a better understanding between Europe and its Muslim citizens".
Her decision to speak out suggests the government is willing to tackle sensitive issues of race and religion.
Muslims in Scotland backed Lady Warsi's views. "We particularly welcome Baroness Warsi's acknowledgement of the role the media plays in this process of normalising Islamophobia, as well as the counter-productiveness of categorisations such as 'moderate' and 'extremist' Muslims," said a spokesman for the Muslim Council of Scotland.
Tuesday, 18 January 2011
ဟိုတယ်ကြီး ၃ ခုအားIGE ကုမ္ပဏီ လီမိတက်သို့ စစ်အစိုးရက လွှဲပြောင်း
ရန်ကုန်မြို့ရှိ သမ္မတ၊ အင်းလျားလိပ်၊ စထရင်း ဟိုတယ်ကြီး ၃ ခုအား အမှတ် (၁) စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးအောင်သောင်း၏သား ဦးနေအောင်ပိုင် IGE ကုမ္ပဏီ လီမိတက်သို့ စစ်အစိုးရက လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးလိုက်ကြောင်း သိရသည်။
အဆိုပါ နိုင်ငံပိုင်ဟိုတယ်ကြီးများကို IGE ကုမ္ပဏီအား လွန်ခဲ့သည့် ၃ လခန့်မှ စတင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန က အငှားစနစ်ဖြင့် လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် နီးစပ်သူတဦးက ပြောသည်။
“၀န်ကြီး ဗိုလ်ချုပ်စိုးနိုင်နဲ့ တွင်း(၁) သီဟသူရ ဦးတင်အောင်မြင့်ဦး ဆီက တောင်းယူတာ၊ လုပ်ခွင့်ရတာ ၃လ ကျော်နေပြီ ဘာမှ မလုပ်လို့ မယူဖြစ်ဘူးတောင် ထင်နေတာ၊ ဘယ်နာမည်နဲ့ လုပ်မယ်တော့မသိဘူး”ဟု ၎င်းက ဆိုသည်။
ယခုအခါ ယင်းဟိုတယ်များတွင် ဖွင့်လှစ်ထားသည့် အဖွဲ့အစည်းနှင့် ကုမ္ပဏီ ရုံးခန်းများကို ဖယ်ရှားပေးရန် သတိပေးအကြောင်းကြားစာ ပို့ထားကြောင်း အဆိုပါ နီးစပ်သူက ဆက်လက်ပြောပြသည်။

အမေ့အိမ် ပညာဒါန
လှိုင်သာယာမြို့နယ် ၁၃ ရပ်ကွက် မေခလမ်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်မှုဖြင့် အမေ့အိမ် ပညာဒါန အမည် ရှိ အခြေခံပညာ အဆင့် အခမဲ့ ပညာသင်ကျောင်းကို ယမန်နေ့က စတင် ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ယင်းပညာသင် ကျောင်းကို ဒေါ်အောင်ဆန်း စုကြည်၏ ညွှန်ကြားမှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ငွေးကြေးချို့တဲ့ သည့် ကလေးငယ်ပေါင်း ၁၀၀ ကျော် တက်ရောက် ရန် အတွက် စာရင်းပေးသွင်းပြီးဖြစ်သည်ဟု သိရသည်။
အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဦးစီးဌာနမှ တားမြစ်သော်လည်း ဆက်လက် ဖွင့်သွားမည် ဖြစ်သည် ဟု ကျောင်း ဖြစ်မြောက်ရေးတွင် ပါဝင်သည့် ကိုဖြိုးမင်းသိန်း က ပြောသည်။
“ဖွင့်မယ့်နေ့ မတိုင်ခင်ကတည်းက ကျောင်းဖွင့်ဖို့ မလုပ်ဖို့ မြို့နယ် ပညာရေးဦးစီးဌာနကတဆင့် အကြောင်းကြားပါတယ်။ ကျနော် တို့ကတော့ ဒါနမှုပြုတဲ့ သဘောအနေနဲ့ လုပ်သွားမှာပါ။ ကျနော်တို့ကျောင်းက စာမေးပွဲစစ်တာတွေ၊ ဘာတွေလည်းလုပ်မှာမဟုတ် တော့ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ၎င်းက ပြောပြသည်။
လာမည့်နှစ်တွင် တရားဝင် ကျောင်းဖွင့်ခွင့် ရရှိရန်အတွက် မှတ်ပုံတင်ခြင်း လုပ်ငန်းများကိုလည်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်းလည်း ကိုဖြိုးမင်းသိန်းက ဆိုသည်။
အမေ့အိမ် ပညာဒါန ကျောင်းကို လှိုင်သာယာမြို့နယ် ၁၄ ရပ်ကွက် မေခလမ်း အမှတ် ၅၄၈ ဦးမင်းလွင် ၏ နေအိမ်တွင် ဇန်န၀ါရီ လ ၁၇ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Subscribe to:
Posts (Atom)