အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိုးကုတ်မြို့နယ်စည်းရုံးရေးကော်မတီဝင်တစ်ဦး ဖြစ်သူ ဦးအုန်းဆန်း အသက်
၆၀ နှင့်သားနှစ်ဦးအားယနေ့ ၃/၉/၂၀၁၀ ညနေပိုင်းတွင်
မိုးကုတ်မြို့နယ်တရားရုံးမှ ၀တ္တရားနှောင့်ယှက်မှု ပုဒ်မဖြင့် ထောင်ဒဏ်( ၂
)နှစ် အသီးသီး ပြစ်ဒဏ်ချ မှတ်လိုက်သည် ဖြစ်သည်။
အမှုဖြစ်စဉ်မှာ၂၈/၁၀/၂၀၀၉ ရက်နေ့တွင် ဦးအုန်းဆန်း၏ သားငယ်ဖြစ်သူ
မောင်အောင်ဆန်းထူးအား မိုးကုတ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ်
ရောဂါမပျောက်မီဆေးရုံးမှ ဆင်းခိုင်းနေမှုကြောင့်
ထိုအကြောင်းနှင့်ပက်သက်ပြီး ဆေးရုံအုပ်ကြီး
ဒေါက်တာဒေါ်တင်နွယ်ကြည်၏ရုံးခန်းတွင်စကားပြောဆိုနေကြစဉ် ဆေးရုံအုပ်ကြီးမှ
ရဲစခန်းသို့ဖုန်းဆက်ပြီး
ဝတ္တရားနှောင့်ယှက်မှုဖြင့်တိုင်ကြားတရားစွဲဆိုရာမှ
အမှုဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။
ထိုအမှုအား မိုးကုတ်မြို့နယ်တရားရုံးမှ လပေါင်းများစွာစစ်ဆေးပြီးနောက်
ယနေ့ စီရင်ချက်ချမှတ်လိုက်ခြင်း
ဖြစ်သည်။ဦးအုန်းဆန်းနှင့်သားဖြစ်သူနှစ်ဦးအား မနက်ဖြန်တွင်
မန္တလေးအိုးဘိုထောင်သို့ ပို့မည်ဖြစ်သည်။ ဦးအုန်းဆန်းသည် ၁၉၈၈ ကတည်းကပင်
NLD အောင်သာယာ ရပ်ကွက် စည်းရုံးရေးကော်မတီ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး
၂၀၀၁ခုတွင် မိုးကုတ်မြို့နယ်စည်းရုံးရေးကော်မတီဝင် ဖြစ်လာသည်။ NLD
အဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်နေသူဖြစ်သည်။
မိုးကုတ်မြို့နယ်တွင် ပြည်သူများ ဘက်မှ
ရပ်တည်ပြီးအခက်အခဲများကိုအခမဲ့ကူညီဆောင်ရွက်ပေးနေသူလည်း
ဖြစ်ပြီး မြို့နယ်အာဏာပိုင်များ၏ ငြိုငြင်မှုကို
ခံနေရသူဖြစ်သည်။ဦးအုန်းဆန်းတို့သားအဖအပေါ် ချမှတ်သောပြစ်ဒဏ်မှာ
အလွန်ပြင်းထန်ကြောင်း မြို့လူထုက ပြောဆိုနေကြပါသည်။