Wednesday, 15 September 2010

နိုင်ငံရေးပါတီများ ရပ်တည်ခွင့်နှင့် ပယ်ဖျက်ခြင်း ဥပဒေကြေညာ

ပည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၉၇/ ၂၀၁၀) ကို စက်တင်ဘာ (၁၄) ရက်စွဲဖြင့် ယမန်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် နိုင်ငံရေးပါတီဆက်လက်ရပ်တည်ခွင့်ပြုခြင်းနှင့် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအားဖျက်သိမ်းခြင်းဟု ဖော်ပြထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အပါအ၀င် နိုင်ငံရေးပါတီ (၅) ပါတီက သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်လျှောက်ထားခြင်းမရှိသည့်အတွက် ဥပဒေအရ အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ဖော်ပြသည်။

ယင်းသို့ ပျက်ပြယ်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိသော အဖွဲ့အစည်းများ ဖြစ်သည့်အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကို ဖျက်သိမ်းလိုက်သည်ဟု ဖော်ပြပါရှိသည်။

ပါတီအဖြစ်မှ ဖျက်သိမ်းလိုက်သည့်ပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)၊ ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့် ၀အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ကြသည်။ အဆိုပါတီများမှာ သတ်မှတ်ရက် ရက်ပေါင်း (၆၀) အတွင်း နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခြင်းမရှိသည့်အတွက် ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။